နမ့်ခမ်းမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် သံဃာတော်များနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ခမ်းမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် သံဃာတော်များနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


နမ့်ခမ်း၊ ဒီဇင်ဘာ   ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် သံဃာတော်များနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ယနေ့နံနက်ပိုင်း(၉)နာရီအချိန် နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမ၌ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် မြို့ပေါ်ရှိပြည်သူများအား ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဦးစားပေး ဆောင်ရွက်လျှက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ရောဂါကွယ်ဆေးထိုးရန် ကျန်ရှိသည့် သံဃာတော်များနှင့် အသက်(၁၈)နှစ် အထက်ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျှက်ရှိရာ ဒုတိယကြိမ် လာရောက်ထိုးနှံသူများအား ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်ထုတ်ပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့ပေါ်ရှိပြည်သူများသာမက မြို့နယ်အတွင်းရှိ ကျေးရွာများအထိ ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် သံဃာတော်များနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိပြီး နမ့်ခမ်းမြို့နယ်အနေဖြင့် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ (၄၁၂၀၅)ဦး ရှိပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးရောက်ရှိသည့် ပမာဏနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆိုင်ထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)