Pages

Pages

စီမံကိန်းရန်ပုံငွေများဖြင့် ငါန်းဇွန်မြို့နယ် ကျေးရွာငါးရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်



ငါန်းဇွန်၊ ဒီဇင်ဘာ   ၂၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာလေးရွာကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့်လည်းကောင်း၊ ကျေးရွာတစ်ရွာကို မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် လည်းကောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်နိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတို့ကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းကို ယခုလ ဒုတိယအပတ်တွင် ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ပြောပြသည်။

အဆိုပါဆောင်ရွက်ရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် တောင်လယ်တော၊ လယ်ဝန်းကုန်း၊ တမာပင်ကြီး၊ လက်ပံကျင်း(မြောက်) ကျေးရွာများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စီကံကျေးရွာတို့တွင် ဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - မင်းမြင့်မိုရ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment