Pages

Pages

မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် ကျေးလက်ရေရရှိရေး လုပ်ငန်းများဆောင်ရွက်


 မန္တလေး၊ ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှ ိကျေးရွာ(၃)ရွာတွင် ၂၀၂၁-၂၀၂၂ ခုခြောက် လဘဏ္ဍာရေးနှစ်တွင်  ငွေလုံးငွေရင်း မူလရန်ပုံငွေကျပ် သန်းခြောက်ဆယ်ကျော်ဖြင့်  ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်ရေ ရရှိရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ၂၀၂၁-၂၀၂၂ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း မူလရန်ပုံငွေကျပ်(၆၂.၀၄)သန်းဖြင့် မြို့နယ်အတွင်းရှိ ကျောက်ဆောက်ကျေးရွာအုပ်စု ကျောက်ဆောက်ကျေးရွာ၊ ခန္တော ကျေးရွာအုပ်စု ရဲကုန်းကျေးရွာနှင့် မှိုင်းဟင်ကျေးရွာအုပ်စု မှိုင်းဟင်ကျေးရွာတို့တွင်  ကျေးလက်ရေ ရရှိရေး လုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Royal Mya ကုမ္ပဏီမှ တာဝန်ယူ၍ နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အိမ်ခြေ(၄၂၈)အိမ်၊ လူဦးရေ (၁၈၈၂) ဦးရှိသည့် ကျောက်ဆောက် ကျေးရွာတွင် အကျယ် ၄ လက်မ အနက်ပေ ၆၀၀ ရှိစက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ၂၄၀၀ဆံ့ အမြင့် ရေစင်တည်ဆောက်ခြင်း၊ အလျား၅ပေ၊ အနံ၅ပေ၊ အမြင့် ၇ ပေရှိရေစက်ရုံတည် ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင်အိမ်ခြေ(၁၁၃)အိမ်၊ လူဦးရေ(၄၉၉)ဦးရှိသည့် ရဲကုန်းကျေးရွာနှင့်  အိမ်ခြေ(၁၁၉)အိမ်၊ လူဦးရေ(၄၈၇)ဦးရှိသည့် မှိုင်းဟင် ကျေးရွာတို့တွင်လည်း  ရေရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးလက်ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျောက်ဆောက်ကျေးရွာ၊ ရဲကုန်းကျေးရွာနှင့် မှိုင်းဟင်ကျေးရွာတို့ရှိ ဒေသခံပြည်သူများအတွက် သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မြမြမွန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment