တပ်ကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေးစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်ကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေးစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ





တပ်ကုန်း၊ ဒီဇင်ဘာ   ၁၁

ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်၊  ဥတ္တရခရိုင်၊  တပ်ကုန်းမြို့နယ်တွင် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ မဟာဗောဓိကျောင်းတိုက်၊ အဘိဓဇမဏ္ဍပ်တော်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊   ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊   နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊  နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက  ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေး နေမှုများအား ကြည့်ရှုအားပေးပြီး၊  ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ပေးရသည့်အကြောင်းအရာများကို   ရှင်းလင်း ပြောကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ဒေသခံပြည်သူများ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ကြပြီး၊ မဟာဗောဓိကျောင်းတိုက်၊ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဠုရာဇဗုဒ္ဓိအား  လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါ ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း (၃၀)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၇၇)ကတ် ဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊   ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊   နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်၊နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပန်းခင်းစီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ဆက်လက်တွေ့ဆုံ၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားပြုလုပ်ပေးနေမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားကြောင်း သိရသည်။

သတင်း - တင်စိုးလွင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)