ကလိန်အောင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ‌ နေ့ချင်းပြီးကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ‌ နေ့ချင်းပြီးကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ




ကလိန်အောင်၊ ဒီဇင်ဘာ   ၂၇

“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့်  ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်  သင့်သည့်လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင် နိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၄)ရပ်ကွက်အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀ န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများက ကလိန်အောင်မြို့အတွင်း နေထိုင်လျက်ရှိသည့်  ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကို အသက် (၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့် ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေး ခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀) နှစ်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၀)ဦးနှင့် အိမ်‌‌ထောင်စု (၁၅)စုတို့အား အိမ်ထောင်စုစာရင်း ထုတ်‌ပေးခြင်းများဆောင်ရွက်ခဲ့ပြီး ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

သတင်း - မိုးမိုးခိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)