Pages

Pages

မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၉၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ


မိုင်းခုတ်၊ ဒီဇင်ဘာ   ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ သိရှိနိုင်ရန် RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်းရှိ ခန်းမဆောင်၌ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့် နယ်မြေခံတပ်နယ်မှ ဆေးတပ်ဖွဲ့ဝင်များက စစ်ဆေးပေးခြင်းဖြစ်ပြီး ဆရာ၊ ဆရာမ (၁၃) ဦးနှင့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား(၈၃)ဦး၊ ကျောင်းသူ (၉၅)ဦး၊ ပေါင်း(၁၇၈)ဦး၊ စုစုပေါင်း (၁၉၂)ဦးကို စစ်ဆေး ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ တစ်ဦးမျှမရှိကြောင်းနှင့် ကျန်ရှိသည့် အခြေခံ ပညာကျောင်းများတွင်လည်း သတ်မှတ်ရက်အလိုက် ဆက်လက်စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းခုတ်မြို့တွင် မူလတန်းကျောင်း(ခွဲ)(၆)ကျောင်း၊ မူလတန်းကျောင်း(၂၀)ကျောင်း၊ မူလတန်း (လွန်) ကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၁)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့် အထက်တန်းကျောင်း(၁)ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၃၄)ကျောင်းရှိပြီး အဆိုပါကျောင်းများအား ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

သတင်း - ယဉ်ယဉ်ဝင်း (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment