Pages

Pages

တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



ပဲခူး၊ ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပ ပြုလုပ်သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းသွားသော်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်နှင့် သွားလာနေထိုင်နိုင်ရေး တင်းတင်း ကြပ်ကြပ် ဆက်လက်ဆောင်ရွက်သွားရန်၊ အကြောင်းမျိုးမျိုးကြောင့် ကျန်ရှိသော အခြေခံပညာ ကျောင်းသား/သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားရန်၊ အများပြည်သူပါဝင် သည့် လူထုအားကစားလှုပ်ရှားမှုများလည်း သတ်မှတ်ထားသည့် အားကစားပြက္ခဒိန်အတိုင်း ကျင်းပ ဆောင်ရွက်သွားရန်၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး အဖွဲ့စနစ်ဖြင့် ကွင်းဆင်း စိစစ် ဆောင်ရွက်သွားရန်၊ ပွင့်လင်းရာသီရောက်ပြီဖြစ်၍ မြို့တိုင်းသန့်ရှင်းသပ်ရပ်စေရေးနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေး ဆောင်ရွက်သွားရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက် ထားကြရန်၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းဆီးခြင်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ အဆင့်တိုးတက်စေရန်နှင့် ဒေသ ထွက်ကုန်များ ဈေးနှုန်းမြင့်မားမှုမရှိစေရေး ဆောင်ရွက်ရန်နှင့် ကားလမ်းများတွင် ဆိုင်ကယ်စီးလမ်းများ ရေးဆွဲထားရန် ပြောကြားခဲ့သည်။ 


ထို့နောက် အစိုးအရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က ဌာနဆိုင်ရာရုံးလုပ်ငန်းများ မှန်ကန် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာငွေအရ/ အသုံးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များနှင့် သီးခြားလမ်းညွှန်ချက်များအား တင်ပြခဲ့ကြပြီး တက်ရောက်လာသည့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှုနှင့် သီးခြားလုပ်ငန်းလိုအပ်ချက်များအား တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဝဏ္ဏမောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment