Pages

Pages

သံဖြူဇရပ်မြို့နယ် ရော်ဘာမှိင်းခံရုံ မီးလောင်မှုဖြစ်ပွား






သံဖြူဇရပ်၊ ဒီဇင်ဘာ   ၁၄

မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်မြို့နယ် ၊ ဖောင်စိန်ရပ်ကွက် အောင်မေတ္တာလမ်းရှိ ရော်ဘာမှိင်းခံရုံတွင် ဒီဇင်ဘာ ၁၄ ရက် နံနက် ၂ နာရီ ၅၀ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားသည်။ မီးလောင်မှုဖြစ်စဉ်မှာ ပိုင်ရှင် ဦးသိန်းဦး၏ ရော်ဘာမှိင်းခံရုံတွင် ရော်ဘာပြားများကို ထင်းဖြင့်မှိင်းခံထားရာမှ အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းခြင်း ဖြစ်သည်။  မီးလောင်ရာသို့ သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၁၃) ဦး၊ အရန်မီးသတ်ဖွဲဝင် (၇)ဦး နှင့် အများပြည်သူတိုက မီးသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၃)စီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ကြရာ နံနက် ၃ နာရီခွဲအချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုး ၊ အုပ်ကာ ၊ ကွန်ကရစ် အဆောက်အအုံ တစ်လုံးနှင့် ရော်ဘာပြား ပေါင် (၃၀၀၀)ခန့် ဆုံးရှုးပြီး၊ခန့်မှန်းတန်ဖိုးကျပ် (၁၃၉၀၀၀၀ ) ခန့် ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment