Pages

Pages

အုပ်ဖိုမြို့နယ်မှ CDM ပြုလုပ်ထားသည့် စခန်းမှူးတစ်ဦးကို ဗန်းမောက်မြို၌ ဖမ်းဆီးရမိ


အုပ်ဖို၊ ဒီဇင်ဘာ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ အုပ်ဖိုမြိုနယ်၊ အေးမြသာယာ နယ်မြေရဲစခန်းမှ CDM ပြုလုပ်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် စခန်းမှူးဖြစ်သူ ရဲအုပ် သိန်းထွန်းဝင်းကို ဒီဇင်ဘာ ၁၀ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက်တွင် ဗန်းမောက်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စိုးဝင်းအောင်ဦးစီးအဖွဲ့သည် မြို့မရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်း/ပိတ်ဆိုစစ်ဆေးဆောင်ရွက်နေစဉ် မြို့မရပ်ကွက်၊ ဓမ္မစကြာလမ်းပေါ်၌ မသင်္ကာသူအမျိုးသားတစ်ဦးအား ရပ်တန့်စစ်ဆေးရာ ၎င်းမှာ ပဲခူးတိုင်းဒေသကြီး၊ အုပ်ဖိုမြို့နယ်၊ အေးမြသာယာနယ်မြေရဲစခန်းမှ ရဲအုပ် သိန်းထွန်းဝင်း(၅၁)နှစ်၊ မြို့မရပ်ကွက်၊ ဗန်းမောက်မြို့နေသူဖြစ်ကြောင်း သိရှိရပြီး ၎င်းသည် အေးမြသာယာ နယ်မြေရဲစခန်း (စခန်းမှူး) တာဝန်မှ မတ်လ ၇ ရက်ကစတင်ကာ CDM ပြုလုပ်ခဲ့သူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးခဲ့ကာ လိုအပ်သည့်အရေးယူမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment