Pages

Pages

မက်မန်းမြို့နယ်၌ အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး(Green Growth) သင်တန်းဖွင့်လှစ်


မက်မန်း၊ ဒီဇင်ဘာ  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး(Green Growth)အသိပညာပေးသင်တန်းကို ဒီဇင်ဘာလ ၁၂ရက်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ရှေဦးစွာ မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးထွန်းလင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်မှူး ဦးတင်စုမှ စီမံကိန်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်မှ သင်တန်းစီမံချက်နှင့် စံပြကျေးရွာများ စိစစ်ရွေးချယ်သွားမည့် အစီအမံများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးနမှ ဆောင်ရွက်လျက်ရှိသည့် “အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး” (Green Growth)သင်တန်းကို မက်မန်းမြို့နယ်ရှိ ကျေးရွာ(၅)ရွာမှ စေတနာ့လုပ်သား ကျေးရွာတစ်ရွာလျှင်(၂)ဦး စုစုပေါင်း(၁၀)ဦး တက်ရောက် ခဲ့ကြောင်းသိရသည်။

သတင်း - သန်းမြတ်စိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment