Pages

Pages

သုံးခွမြို့နယ်နေ ပြည်သူများအား Mobile Vaccination ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ဆက်လက် ထိုးနှံပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေ



သုံးခွ၊ ဒီဇင်ဘာ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၌ ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် အစုသုံးစုခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန်က လမ်းသွားလမ်းလာ ပြည်သူများ၊ ရပ်ကွက်‌ ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံရာတွင် သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများအား အဖွဲ့သုံးဖွဲ့ခွဲ၍ ထိုးနှံပေးခြင်း ဖြစ်ပြီး နံယောလမ်းဆုံ၌လည်းကောင်း၊ မြို့အထွက် (၁၀)ရပ်ကွက် လမ်းဆုံနှင့် စပါယ်‌ချောင် လမ်းဆုံတို့၌ ခရီးသွားပြည်သူများအား Mobile Vaccination ဆေး ထိုးနှံ ဆောင်ရွက်ပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် Mobile Vaccination ဖြင့် ကာကွယ်ဆေးကို ဒီဇင်ဘာလ(၁၁)ရက်နေ့မှ ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူပေါင်း (၈၉၂၀၂)ဦးရှိကြောင်း သိရပြီး ဒီဇင်ဘာ (၁၄)ရက်နေ့အထိ ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment