လသာမြို့နယ်အတွင်း Mobile ကားဖြင့် အခြေခံစား​​သောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

လသာမြို့နယ်အတွင်း Mobile ကားဖြင့် အခြေခံစား​​သောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချ

 


လသာ၊ ဒီဇင်ဘာ   ၁၇

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုအ​နေဖြင့် အ​ခြေခံစား​သောက်ကုန်များကို အလွယ်တကူ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက်လည်း လုပ်ဆောင်ပေးလျက်ရှိရာ ယမန်​နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် လသာမြို့နယ်အတွင်း Mobile ကားဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းမှ SCHOOL BUS အဝါရောင် Mobile ကား(၁)စီးဖြင့် လသာ​မြို့နယ် အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇) ရပ်ကွက်ကြား မဟာဗန္ဓုလလမ်းမကြီးနှင့် (၂၃)လမ်းထိပ်တွင် ဧည့်မထဆန် (၅)ပြည် တစ်အိတ်လျှင် (၅၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန် (၅)ပြည်တစ်အိတ်လျှင် (၈၅၀ဝိ/-)ကျပ်၊ စားအုန်းဆီ (၅၀)ကျပ်သား (၁)ဘူးလျှင် (၁၈၅ဝိ/)-ကျပ်၊ ကြက်ဥ(၁၀)လုံးလျှင် (၁၂၀ဝိ/-)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်၊၊

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)