Pages

Pages

NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာတို့၏ အသံတိတ် သပိတ်တွင် ပါဝင်သည့် ဆိုင်များကို စည်ပင်က ဘာကြောင့် ပိတ်သလဲ







ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ယနေ့ ရန်ကုန်မြို့ပေါ်တွင် NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာတို့၏ အသံတိတ် သပိတ်လှုံ့ဆော်မှုတွင် ပါဝင်သည့် ဆိုင်များကို စည်ပင်သာယာ ခွင့်ပြုချက်ရမှ ပြန်လည်ဖွင့်လှစ်ရန် စာလိုက်ကပ်သည့်အပေါ်  ဝေဖန်မှုများ အမျိုးမျိုးဖြစ်ပေါ်ခဲ့သည်။

စည်ပင်သာယာက လမ်းပေါ်ကျူးထားသော ဆိုင်များကို ဖယ်ရှားရှင်းလင်းသကဲ့သို့ ပိတ်ထားသည့် ဆိုင်များကို စည်ပင်သာယာခွင့်ပြုချက်ရမှ ဖွင့်လှစ်ရန် စာသားကပ်ထားခဲ့ခြင်းဖြစ်သည်။


အဆိုပါ အခြေအနေနှင့် ပတ်သက်၍ စည်ပင်ဝန်ထမ်းဟောင်းတစ်ဦးက "လမ်းပေါ်ကျူးတွေက ဖယ်ရှားရှင်းလင်းရ ခက်တယ်။ အခုလို အသံတိတ်သပိတ်လုပ်နေချိန်မှာ ရှင်းထားလိုက်တော့ အာသီးယောင်မယ့်သူ မရှိတော့ဘူး။ ဥပဒေမဲ့ လုပ်နေတာတွေကို စည်ပင်ဝန်ထမ်းတွေအနေနဲ့လည်း ငဲ့ညှာပြီး လုပ်မရဘူး။ ဆိုင်တွေ ပိတ်ထားတာကတော့ ဒီဆိုင်တွေက NLD, PDF တွေကို ထောက်ပံ့ပေးနေတဲ့ ဆိုင်တွေလည်း ဖြစ်နိုင်တယ်။ ဒီဆိုင်တွေကို အသေအချာ စစ်ဆေးပြီးမှ ပြန်လည်ဖွင့်လှစ်ခွင့် ပေးသင့်တယ်။ အခုဆိုရင်ပဲ NLD, PDF သတ်လို့ သေရတဲ့ အပြစ်မဲ့ ပြည်သူပေါင်း မနည်းတော့ဘူးလေ။ NLD, PDF အကြမ်းဖက်သမားတွေရဲ့ နောက်ကွယ်မှာ လုပ်ငန်းရှင်တွေ ငွေကြေး ထောက်ပံ့ပေးနေလို့သာ အခုလို အကြမ်းဖက် လုပ်ရပ်တွေဖြစ်နေတာ ထင်ရှားပါတယ်။ ဒါတွေကို သေသေချာချာ စိစစ်အရေးယူလိုက်မယ်ဆိုရင် လုပ်ကြံသတ်ဖြတ်မှုတွေ လျော့ပါးသွားမယ်။ တာဝန်ရှိသူတွေက စိစစ်တွေ့ရှိချက်တွေကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ပေးဖို့လည်း လိုပါတယ်။ ဒါမှ ဘယ်ဆိုင်တွေက အကြမ်းဖက်အားပေးဆိုင်တွေ ဆိုတာကို ပြည်သူတွေ သိရမယ်။ ဒီဆိုင်တွေကို အားပေးခြင်းအားဖြင့် အကြမ်းဖက်မှုတွေကို အားပေးသလို ဖြစ်နေမယ်။ ရှောင်ရှားလို့ ရမယ်ပေါ့ဗျာ။" ဟု သုံးသပ်ပြောဆိုသည်။


NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာတို့၏ အသံတိတ် သပိတ်ဆင်နွှဲနေချိန် စည်ပင်သာယာက ယခုကဲ့သို့ လိုက်လံဆောင်ရွက်နေခြင်းအပေါ် "တိုင်းပြည်မှာ ဥပဒေမဲ့ ဖြစ်နေတာတွေကို ရှင်းလင်းတာကတော့ ကြိုဆိုရမှာပါ။ စနစ်တကျ လုပ်ဖို့ ခက်ခဲနေတာတွေကို စနစ်တကျဖြစ်အောင် လုပ်သွားရမှာ ဖြစ်ပါတယ်။ နောက်နောင်လည်း စည်ပင်ဝန်ထမ်းတွေက ဥပဒေမဲ့ လုပ်ရပ်တွေကို ခွင့်မပြုဘဲ လမ်းပေါ်ကျူးထားတာတွေ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတာတွေကို လုံးဝလမ်းပေါ် အတက်မခံဘဲ စနစ်တကျ လုပ်ဆောင်သွားသင့်ပါတယ်။ အထူးသဖြင့်တော့ မြို့ထဲက ကွမ်းယာဆိုင်လိုလို မုန့်ဆိုင်လိုလိုနဲ့ မူးယစ်ဆေးဝါးရောင်းချနေတာတွေ ရှိတယ်။ အထူးသဖြင့် ဘာသာခြားဆိုင်တွေများပါတယ်။ ကွမ်းယာဆိုင်ဗန်းပြပြီး ဥပဒေမဲ့ လုပ်နေတာတွေကို စည်ပင်ဝန်ထမ်း၊ ရဲဝန်ထမ်းတွေက ဥပဒေနဲ့အညီ ထိန်းသိမ်းသင့်တယ်လို့ မြင်ပါတယ်။ NLD, PDF တွေက လူတကာကို ဒုက္ခရောက်အောင် လုပ်နေတာ။ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်က အလွန်ဆိုးရွား ညစ်ပတ်တဲ့အတွက် သူတို့ခေါင်းစဉ်တပ်ထားတဲ့ တော်လှန်ရေးဆိုတာဟာလည်း တော်လှန်ရေးမဟုတ်တော့ဘဲ အကြမ်းဖက် လမ်းစဉ်ပေါ် ရောက်သွားပါပြီ။ ရလာဒ်ကလည်း မကောင်းနိုင်တော့ပါဘူး။" ဟု ပြောသည်။


NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများသည် ပြည်တွင်း ပြည်ပမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်လျှက်ရှိပြီး တိုင်းပြည်တွင်း အကြမ်းဖက် အဖျက်အမှောင့် လုပ်ငန်းမျိုးစုံကို လုပ်ဆောင်နေကြခြင်းကြောင့် ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ ငွေကြေးတန်ဖိုးကျဆင်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးခြင်း အထွေထွေအကြပ်အတည်းများနှင့် ရင်ဆိုင်လာရခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment