Pages

Pages

NLD, PDF အကြမ်းဖက်သမားများက လစဉ်ပျမ်းမျှ ၁၃၇ ယောက်နှုန်း လုပ်ကြံသတ်ဖြတ်လျက်ရှိ



ရန်ကုန်၊ ဒီဇင်ဘာ ၁၄

NLD အစိုးရအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကြီးတွင် မဲလိမ် မဲခိုး မဲမသမာမှုများ ကျူးလွန်ခဲ့ပြီး အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၁၇)၊ ပုဒ်မ (၄၁၈) တို့အရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း NLD လွှတ်တော်အမတ်ဟောင်းများနှင့် ၈၈ပွင့်လင်းမှ နိုင်ငံရေးဆူပူအကြမ်းဖက်လှုံ့ဆော်သူများက ဆူပူအကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်ရန် လှုံ့ဆော်ခဲ့ကြပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ အခြားသောပါတီအဖွဲ့အစည်းဝင်များအား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ရာ ဖေဖော်ဝါရီလမှ ယခု ဒီဇင်ဘာလအထိ NLD, PDF အကြမ်းဖက်သမားများသည် တစ်လလျှင် ပျမ်းမျှ ၁၃၇ ယောက်နှုန်း လုပ်ကြံသတ်ဖြတ်ခဲ့သည်။


အဆိုပါ စာရင်းသည် နိုင်ငံတော်ထုတ်ပြန်ထားသည့် ၁၃၇၇ ဦးနောက်ပိုင်း NLD, PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရသော ရဟန်းရှင်လူပြည်သူများပေါင်း ၁၅၀၀ ကျော်အထိ မြင့်တက်ခဲ့သည့် စာရင်းဇယားကို အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။


NLD လွှတ်တော်အမတ်ဟောင်းများနှင့် ၈၈ပွင့်လင်းမှ နိုင်ငံရေးလှုံ့ဆော်သူများသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး အမေရိကန်နှင့် EU နိုင်ငံများမှ အထောက်အပံ့များ ရယူသည့်အပြင် OIC ကဲ့သို့သော ဘာသာရေးအဖွဲ့အစည်းထံမှ ငွေကြေး၊ လက်နက် အထောက်အပံ့များ ရယူကာ မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့ကို ထောက်ခံသူများထံ ငွေကြေး၊ လက်နက်များ ထောက်ပံ့ပေးပြီး ဖောက်ခွဲတိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်ရန် လှုံ့ဆော်ခိုင်းစေခဲ့ကြခြင်းဖြစ်သည်။


တပ်မတော်က နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှဲပြောင်းရယူပြီးသည့် နောက်ပိုင်း NLD လွှတ်တော်အမတ်များဟောင်းများက CRPH ကို စတင်ဖွဲ့စည်းပြီး ထပ်မံ၍ NUG ကို ဖွဲ့စည်းကာ အကျဉ်းကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို အသုံးချ၍ အများပြည်သူကို သွေးထိုးလှုံ့ဆော်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံအနှံ့ PDF အကြမ်းဖက်အဖွဲ့အစည်းများကို ဖွဲ့စည်းစေခဲ့ပြီး ငွေကြေး၊ လက်နက် အထောက်အပံ့ပေးကာ ဖောက်ခွဲတိုက်ခိုက်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်စေခဲ့ခြင်းဖြစ်သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) အနေဖြင့် အကြမ်းဖက်လှုံ့ဆော်သူ ခေါင်းဆောင်များထဲမှ အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ် ထောက်ပံ့ပေးထားသည့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျော်မင်းယု(ခ) ဂျင်မီနှင့် NLD လွှတ်တော်အမတ်ဟောင်း မောင်ကျော်(ခ) ဖြိုးဇေယျာသော်တို့ ၂ဦးကိုသာ လက်နက်များနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး အခြားသောဆူပူအကြမ်းဖက် လှုံ့ဆော်သူ ခေါင်းဆောင်များမှ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။


NLD ပါတီက ဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့အစည်းများ၏ နောက်ကွယ်မှ ကူညီပံ့ပိုးပေးနေသော အမေရိကန်နိုင်ငံက ဆူပူအကြမ်းဖက်လှုံ့ဆော်သူ ခေါင်းဆောင်များထဲမှ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့ကို ခိုလှုံခွင့်ပြုထားပြီး အကြမ်းဖက်လုပ်ငန်းများအတွက် အမေရိကန်နိုင်ငံအတွင်း ရန်ပုံငွေ ကောက်ခံနေသည်ကို ခွင့်ပြုပေးထားသည်ကို တွေ့မြင်ရသည်။


အလားတူ ဥရောပသမဂ္ဂ (EU) နိုင်ငံများတွင်လည်း ဆူပူအကြမ်းဖက်လှုံ့ဆော်သူ NLD လွှတ်တော်အမတ်ဟောင်းများ၊ ၈၈ ပွင့်လင်းမှ နိုင်ငံရေးလှုံ့ဆော်သူများ၊ သတင်းသမားအမည်ခံ ဆူပူအကြမ်းဖက်လှုံ့ဆော်သူများကို ခိုလှုံခွင့်ပေးထားပြီး မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် တိုင်းရင်းသားပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်စေရန် စဉ်ဆက်မပြတ် လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။


NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီများသည် ဂန့်ဂေါမြို့နယ်တွင် ၅လောင်းပြိုင် လူသတ်မှု၊ ရွှေဘိုမြို့နယ်တွင် ၈လောင်းပြိုင် လူသတ်မှု၊ တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာတွင် ၃လောင်းပြိုင် လူသတ်မှုအထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြသည်။ NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီများ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၁၄ပါး၊ ကလေးငယ် ၅ဦး အပါအဝင် ဆရာ/ဆရာ၊ ပညာရေးဝန်ထမ်း၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အပြစ်မဲ့ပြည်သူပေါင်း ၁၅၀၀ ကျော်အထိ သေဆုံးခဲ့ရခြင်းဖြစ်သည်။


ထိုကဲ့သို့ NLD ပါတီက အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းအမျိုးမျိုးကို ဖွဲ့စည်း၍ ဖောက်ခွဲတိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ NLD အကြမ်းဖက်ပါတီကို ဖျက်သိမ်းခြင်းမရှိသည့်အပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment