ရန်ကုန်၊ ဒီဇင်ဘာ ၃
NLD, PDF အစွန်းရောက် သာသနာဖျက် အကြမ်းဖက်အဖွဲ့များက သံဃာတော်များနှင့် ပြည်သူများအပေါ် သတ်ဖြတ်နေမှုများအား ဆန့်ကျင်ကန့်ကွက်ပွဲကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ Junction Square မှ လှည်းတန်း မီးပွိုင့်အထိ ချီတက်ပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပါတယ်။
ဆန္ဒပြပွဲတွင် အမျိုးသမီးများက လက်နက်မဲ့ပြည်သူများကို စာနာပါ၊ အပြစ်မဲ့ပြည်သူများကို အကြမ်းမဖက်ပါနဲ့၊ ပြည်သူ့ကာကွယ်ရေးခေါင်းစဉ်တပ်ပြီး ပြည်သူကို သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်၊ ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ် မှန်သမျှ ဆန့်ကျင်ကြ၊ အမြင်မတူသူတွေကို ဒလန်စွပ်စွဲပြီး သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်" အစရှိသော ဗီနိုင်းပိုစတာများကိုင်ဆောင်၍ စုဝေးချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးလိုလားသော အမျိုးသမီးအင်အားစု (ရန်ကုန်) က CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာများ၏ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများအား ကန့်ကွက်ရှုတ်ချကြောင်း အချက် ၅ချက်ပါ သဘောထားထုတ်ပြန်ချက်လည်း ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် "၂၀၂၀ ရွေးကောက်ပွဲကြီးတွင် NLD ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲလိမ် မဲခိုး မဲမသာမှုများ ကျူးလွန်ခဲ့ ခြင်းကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အာဏာလွှဲ ပြောင်းရယူခဲ့သည်။ တပ်မတော်အနေဖြင့် မဲစာရင်းကွာဟမှုများ ဖြေရှင်းရန် အကြိမ်ကြိမ် တိုက်တွန်း ပြောဆိုခဲ့စဉ်က အစိုးရတာဝန် ရယူထားသည့် NLD ပါတီအနေဖြင့် ဖြေရှင်းခြင်း တစ်စုံတစ်ရာ မရှိဘဲ တပ်မတော်က အာဏာလွှဲပြောင်း ရယူပြီးသည့်နောက် တပ်မတော်က အာဏာကို လုယူသယောင် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် ဝါဒဖြန့်လှုံ့ဆော်၍ နိုင်ငံရေးဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် NLD ပါတီမှ လွှတ်တော်အမတ်ဟောင်းများ၊ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ နိုင်ငံရေးလှုံ့ဆော်သူများက လှုံ့ဆော်ခဲ့ကြသည်။ ထိုသို့ နိုင်ငံရေးဆူပူ အကြမ်း ဖက်မှုများ ဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့ခြင်းကြောင့် -
(၁) CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာပြီး ၎င်းတို့ပါတီကို ထောက်ခံခြင်းမရှိသော ရဟန်းသံဃာတော်များ၊ ပြည်သူ့ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ အခြားပါတီဝင်များအပေါ် ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ် မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ (၂) CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက်သာသနာဖျက်များသည် ဒီမိုကရေစီတော်လှန်ရေးဟု ခေါင်းစဉ်တပ်ထားသော်လည်း ဒီမိုကရေစီမဆန်သော အကြမ်းဖက်လုပ်ရပ်များကို လွန်လွန်ကျူးကျူးလုပ် ဆောင်လျှက်ရှိကြောင်း၊ (၃) CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက်အဖွဲ့များသည် လူ့အခွင့်အရေးကို တလွဲအသုံးချ၍ ၎င်းတို့ို ကိုယ်တိုင် လူ့အခွင့်အရေးချိုးဖောက်၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ ဝန်ထမ်းများကို ပစ်မှတ်ထား လုပ်ကြံ သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၁၄၀၀ ကျော်အထိ သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
NLD, PDF အစွန်းရောက် အကြမ်းဖက်အဖွဲ့များအပေါ် ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် "တပ်မတော်ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် CRPH, NUG, PDF အစွန်း ရောက် အကြမ်းဖက်အဖွဲ့ဝင်များအပေါ် ငဲ့ညှာခဲ့ခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများ အထိအခိုက် အကျ အဆုံး များခဲ့ရကြောင်း၊ CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများ၏ အကြမ်းဖက်လုပ်ရပ်များသည် ဒီမိုကရေစီမဆန်ဘဲ လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေသော လုပ်ရပ်များဖြစ်သဖြင့် ကျွန်မ တို့အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။ နိုင်ငံတော်တာဝန်ကို ရယူထားသော တပ်မတော် ဦးဆောင်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများအပေါ် ငဲ့ညှာထောက်ထားခြင်း မရှိဘဲ ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေကြသော CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက်အဖွဲ့ဝင်များကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်ခြင်းအားဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ အတိဒုက္ခမရောက်စေရေးအတွက် အလေးထား ဆောင်ရွက်ပေးရန် အလေးအနက် တိုက်တွန်းတောင်းဆိုထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment