တန့်ဆည်မြို့နယ်တွင် NLD, PDF အကြမ်းဖက်သမားများက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦးကို ရက်စက်စွာ သတ်ဖြတ်ပြီး မီးရှို့ခဲ့ကြောင်း သတင်းမှန် ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ဆည်မြို့နယ်တွင် NLD, PDF အကြမ်းဖက်သမားများက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦးကို ရက်စက်စွာ သတ်ဖြတ်ပြီး မီးရှို့ခဲ့ကြောင်း သတင်းမှန် ထုတ်ပြန်




တန့်ဆည်၊ ဒီဇင်ဘာ ၁၇

တန့်ဆည်မြို့နယ်တွင် NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများ ကာလရှည်ကြာ ဆိုးရွားသောင်းကျန်း နေခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့က ဒေါင့်ကြီးကျေးရွာနေ ဦးကျော်စိုး (၆၇)နှစ် နှင့် ၎င်း၏ မိသားစုဝင်များဖြစ်ကြသည့် ဒေါ်ခင်လှိုင်(၆၅)နှစ်၊ ဒေါ်လှိုင်စိုး (၄၅)နှစ်၊ ဒေါ်ဂျမ်းတော (၈၅)နှစ်၊ ဒေါ်ခင်ဆွေမြင့်(၇၄)နှစ် တို့ကို NLD, PDF အကြမ်းဖက်သမားများက သတင်းပေး၊ ဒလန် စွပ်စွဲကာ သေနတ်ဖြင့် ရက်စက်စွာ ပစ်သတ်ပြီး နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

တန့်ဆည်မြို့နယ်တွင် NLD, PDF အကြမ်းဖက်သမားများသည် ကာပေါင်းကျကျေးရွာတွင်လည်း အလားတူ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြပြီး ရဲတစ်ဖွဲ့ဝင် မိသားစု ၆ဦးကိုလည်း သတ်ဖြတ်ပြီး နေအိမ်ပါ မီးရှို့ခဲ့သည့် အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြဖူးသည်။

NLD, PDF အကြမ်းဖက်သမားများသည် ၎င်းတို့ စိုးမိုးထားသည့် နယ်မြေသဖွယ် လုပ်ကြံသတ်ဖြတ်မှုများ၊ မီးရှို့ ဖျက်ဆီးမှုပေါင်းများကို ကျူးလွန်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေစိုးမိုးရေးကို အလေးထား ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ဒေသခံများအနေဖြင့် လုံခြုံမှုကင်းမဲ့သည့် နယ်မြေသဖွယ် ဖြစ်နေပြီး အချို့သော ဒေသခံများမှာ NLD, PDF အစွန်းရောက် အကြမ်းဖက်တို့၏ အန္တရာယ်ကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေကြရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)