Pages

Pages

NLD အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သည့် ကချင်သယံဇာတဝန်ကြီးဟောင်းအား ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်၂နှစ်ချမှတ်



ရန်ကုန်၊ ဒီဇင်ဘာ 

ကချင်ပြည်နယ်၊သယံဇာတဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် ထောင် ၂နှစ်ကျခံရန် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 ပြည်နယ်ဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းသည် ဝန်ထမ်းများရုံးမတက်ရန်နှင့် နောက်အစိုးရသစ်မတက်မချင်း ရုံးပိတ်ထားကြောင်း သွေးထိုးလှုံဆော်သည့်စာကို လက်မှတ်ထိုးဖြန့်ဝေခဲ့သောကြောင့် ယခုနှစ် ဖေဖော်ဝါရီ ၉ရက်တွင် ဖမ်းဆီးတရားစွဲဆိုခံရခြင်းဖြစ်သည်။

ကချင်ပြည်နယ်ဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားသည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment