Pages

Pages

NUG အကြမ်းဖက်အဖွဲ့ကို ထောက်ခံသူ PDF အစွန်းရာက် အကြမ်းဖက်သမားများက ၅၀၀ ကျပ်တန် ထမင်းဆိုင်များကို ပစ်မှတ်ထား လှုံ့ဆော်လျှက်ရှိ




ရန်ကုန်၊ ဒီဇင်ဘာ ၂ 


ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုအမျိုးမျိုးကို လုပ်ဆောင်လျက်ရှိသော NLD, PDF အစွန်းရောက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများက လက်တလော အများပြည်သူ စားသောက်ရေးအခက်အခဲကို တစ်ထောင့်တစ်နေရာမှ ကူညီဖြေရှင်းပေးနေသည့် ၅၀၀ ကျပ်တန် ထမင်းဆိုင်များကို ပစ်မှတ်ထား လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။


PDF facebook page မှ "စစ်ကောင်စီကို ဝိုင်းရံနေတဲ့ ၅၀၀တန် ထမင်းဆိုင်တွေကို ဗုံးခွဲတိုက်ခိုက်ကြ" ဟု လှုံ့ဆော်ရေးသားထားသည်ကို တွေ့ရသည်။


NUG အကြမ်းဖက်အဖွဲ့ profile ဖြင့် Moe Thway အမည်ရှိ facebook "၅၀၀ကျပ်တန် ထမင်းဆိုင်တွေက ဘယ်သူ့လက်လဲ စဉ်းစားကြဖို့လိုလာပြီ။ တွေ့မိတဲ့ဆိုင်တချို့က အပြာရောင်စားပွဲတွေခုံတွေ သုံးကြတာများတယ်။ ဒီကာလမှာ ပရဟိတဆန်ဆန်လုပ်ငန်းတွေကို စကစရဲ့ အနှောင့်အယှက်မရှိဘဲ လုပ်ခွင့်ရနေတာဟာ နည်းနည်းတော့ ထူးဆန်းတယ်။ ဒီဆိုင်တွေအကြောင်းတင်တဲ့page အများစုကလည်း စကစ အာဘော်များတာတွေ့ရတယ်။ ၈၈ကနေ ၂၀၁၀ကြားမှာတုန်းကလည်း အခြေခံလူတန်းစားထဲကို ဒီလိုနည်းတွေနဲ့ ထိုးဖောက်ခြေကုပ်ယူခဲ့တာတွေ့ခဲ့ရတယ်။ ကြံခိုင်ရေးအသင်းရဲ့လှုပ်ရှားမှုတွေဟာ အမြင်သာဆုံးဥပမာပေါ့။ ဘာပဲဖြစ်ဖြစ် စားစရာရှိတာစားပစ်။ သတိတော့ မပြတ်ကြစေနဲ့ပေါ့။" ဟု လှုံ့ဆော်ရေးသားထားသည်ကို တွေ့ရသည်။


မိုးသွေးဆိုသူသည် ဖမ်းဆီးခံထားရသော အကြမ်းဖက်သမား မောင်ကျော်(ခ) ဖြိုးဇေယျာသော် ဦးဆောင်ခဲ့သည့် Generation Wave အဖွဲ့ကို ဆက်လက်ဦးဆောင်သူဖြစ်ပြီး အကြမ်းဖက်လှုံ့ရှားမှုများတွင် ပါဝင်နေသူဖြစ်ကြောင်း တွေ့ရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment