ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း Partnership Summit 2021 အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း Partnership Summit 2021 အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော်၊ ဒီဇင်ဘာ ၁၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် အိန္ဒိယနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် Confederation of Indian Industry (CII) တို့ ကြီးမှူးကျင်းပသည့် Partnership Summit 2021၏ Special Ministerial Plenary Session သို့ Virtual စနစ်ဖြင့် တက်‌ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့်အခမ်းအနား၏ ရည်ရွယ်ချက်ဖြစ်သော “Partnering for Building a New World: Growth, Competitiveness, Sustainability, Technology” သည် လက်ရှိကာလ ကမ္ဘာ့အသိုင်းအဝန်း၏ အခြေအနေကို ထင်ဟပ်နေပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့်  အခြားအရေးကြီး ကဏ္ဍများပါ လွှမ်းခြုံပါဝင်နေသဖြင့် မိတ်ဖက်စီးပွားရေး အသိုက်အဝိုင်းများအကြား ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများနှင့် စီးပွားရေးချိတ် ဆက်ဆောင် ရွက်မှု အခွင့်အလမ်းများကို ရရှိလာနိုင်မည်ဟု ယုံကြည်ကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဈေးကွက်ယှဉ်ပြိုင်မှုနှင့် တီထွင်ဆန်းသစ် မှုများအတွက် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုအခက်အခဲများ ကြုံတွေ့နေရသဖြင့် ကုန်စည်ထုတ်လုပ်မှုကွင်းဆက်များ ခေတ်မီဒီဂျစ် တယ်နည်းပညာအသုံးပြုပြီး အဆင်ပြေချောမွေ့အောင်ဆောင်ရွက်နိုင်စေရန်အတွက် ယင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် ပုဂ္ဂလိကကဏ္ဍ၏ပါဝင်မှုကို မြှင့်တင်ပြီး ကိုဗစ်- ၁၉ ကြောင့် ကြုံတွေ့နေရသည့် အခက်အခဲ များနှင့် အတားအဆီးများကို ကျော်လွှားနိုင်ရန်နှင့် ခိုင်မာအားကောင်းသော စီးပွားရေး ပြန်လည်ကုစားနိုင်ရေးတို့အတွက် ပိုမိုပူး‌ပေါင်းဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊

ထို့ပြင် မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်းကဏ္ဍတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ‌ဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများ ရှိသကဲ့သို့ ရေထွက်ပစ္စည်း၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ အခြေခံအဆောက်အဦနှင့် နည်းပညာ ကဏ္ဍများမှာလည်း အလားအလာ ရှိသည့်ကဏ္ဍများဖြစ်သဖြင့် ယနေ့အခမ်းအနားသို့ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့လာရောက်ပြီး စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန် ဖိတ်ခေါ်ကြောင်း ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် အိန္ဒိယ၊ ဘူတန်၊ ကမ္ဘောဒီးယား၊ အီတလီ၊မော်လ်ဒိုက်၊ Mauritius၊ သီရိလင်္ကာနိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများနှင့် အိန္ဒိယကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌတို့က အမှာစကား ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများ၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းလုပ်ငန်းရှင်များ၊ နိုင်ငံပေါင်း (၈၀) ကျော်မှ ကိုယ်စားလှယ်များက Online နှင့် Physical တို့ဖြင့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဖက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ ကြောင်းသိရသည်။  


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)