မုံရွာ- ရွှေဘို ကားလမ်းတွင် PDF အကြမ်းဖက်သမားများတွေထောင်ထားတဲ့ မိုင်းပေါက်ကွဲပြီး ဒီဇယ်ဆီ သယ်လာတဲ့ ကုန်တင်ကားတွေပျက်စီးကာ ကားသမား တချို့ ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာ- ရွှေဘို ကားလမ်းတွင် PDF အကြမ်းဖက်သမားများတွေထောင်ထားတဲ့ မိုင်းပေါက်ကွဲပြီး ဒီဇယ်ဆီ သယ်လာတဲ့ ကုန်တင်ကားတွေပျက်စီးကာ ကားသမား တချို့ ဒဏ်ရာရရှိ

 




မုံရွာ၊ ဒီဇင်ဘာ ၁

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ရဟန်း သံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သောပြည်သူများကို ရက်စက်ယုတ်မာစွာ အကြမ်းဖက် သတ်ဖြတ် ခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအတွက် အဓိက ကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေးအဆောက်အဦများ၊ နေအိမ်အဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှိဖျက်ဆီးခြင်းများကို ဆင်ခြေတုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိရာယမန်နေ့ညနေ့ပိုင်းက မုံရွာ- ရွှေဘို ကားလမ်းမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများတွေထောင်ထားတဲ့ မိုင်းပေါက်ကွဲပြီး ဒီဇယ်ဆီ သယ်လာတဲ့ ကုန်တင်ကားတွေပျက်စီး ၊ ကားသမား တချို့ဒဏ်ရာရရှိခဲ့ကြောင်းသတင်းအရင်းမြစ်များကဆိုသည်။

ဖြစ်စဉ်မှာစစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မုံရွာ- နောင်ကြီးအိုင်- ရွှေဘိုကားလမ်း မိုင်တိုင်အမှတ် ၃၈ မိုင် ၄ ဖာလုံနေရာမှာ ယမန်နေ့ ညနေပိုင်းက ကားလမ်းပေါ်မှာ NLD အကြမ်းဖက်သမားတွေ မြေမြုတ်ထောင်ထားတဲ့ မိုင်းတွေပေါက်ကွဲခဲ့တဲ့အတွက် ကုန်ကား ၂ စီး ထိခိုက်ပျက်စီးပြီး ကားသမား တချို ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းတွေဟာ အများပြည်သူသုံး ကားလမ်းဘေးတွေမှာသာ ထောင်ထားတာမျိုးမဟုတ်ဘဲ လမ်းလယ်အထိတက်ထောင်ထားတဲ့အကြောင်း ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ ကားသမား တစ်ယောက်က ယခုလိုပဲ ပြောပါတယ်။

" မိုင်းတွေက လမ်းဘေး ဝဲ ယာ ၂ ဖက်တင်မကဘူး လမ်းပေါ်ကနေပါ ပေါက်ကွဲတာ ၊ မိုင်း ၁၀ လုံး ပေါက်ကွဲတယ် ၊ အဲ့ဒီလို မိုင်းပေါက်ကွဲတာကြောင့် ဒီဇယ်ဆီ ပေပါ သယ်လာတဲ့ ၁၂ ဘီးကား ၂ စီး မိုင်းစထိမှန် ပျက်စီးပြီး ကားသမား ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာ ဟုသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး လခရ တာဝန်ရှိသူများကထိခိုက်ဒဏ်ရာ ရရှိသူများအားကူညီဆောင်ရွက်ပေးခဲ့ပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)