Pages

Pages

ကောလင်းတွင် PDF အစွန်းရောက် အကြမ်းဖက်သမားများထံ ထောက်ပံမည့်ပစ္စည်းနှင့် အတူ အမျိုးသမီး ၃ ဦးအားဖမ်းဆီးရမိကြောင်း သိရ


ကောလင်း၊ ဒီဇင်ဘာ ၄

ကောလင်းမြို့နယ်၊ မြို့မ/ကုန်းရပ်ကွက်၊ ရွှေမင်းဝံလမ်းတွင် လုံခြုံရေးအဖွဲ့မှ စစ်ဆေးမှုဆောင်ရွက်ခဲ့ရာ သုံးဘီးဆိုင်ကယ်ဖြင့် အဝတ်အထည်များ၊ ဆေးများသယ်ဆောင်လာသော အမျိုးသမီး ၃ ဦးအားဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးများအား စစ်ဆေးမေးမြန်းစဉ် ဆန္ဒပြရာတွင်လိုက်ပါဖူးကြောင်း၊ PDF အစွန်းရောက် အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားများအတွက် အသုံးအဆောင်ပစ္စည်းများ ထောက်ပံဖူးကြောင်း၊ ယခုယူ ဆောင်လာသော အဝတ်အထည်နှင့် ဆေးများမှာလည်း PDF အစွန်းရောက် အကြမ်းဖက်သမားများအား ထောက်ပံရန်ဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သဖြင့် ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment