PDG အကြမ်းဖက်စခန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များ သိမ်းဆည်းရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

PDG အကြမ်းဖက်စခန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များ သိမ်းဆည်းရမိ


ရွှေဘို၊ ဒီဇင်ဘာ ၁၇

ရွှေဘိုမြို့နယ်၊ ဆူးတပ်ကျေးရွာနှင့် ဘိုးတော်ကျေးရွာကြား PDF စခန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းရာ အကြမ်းဖက် NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများ စခန်းကို စွန့်ခွာ၍ ထွက်ပြေးသွားကြောင်း သိရသည်။











အဆိုပါ NLD, PDF အကြမ်းဖက်သမားများ၏ စခန်းမှ လက်လုပ်မိုင်းများ၊ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


NLD, PDF အကြမ်းဖက်သမားများသည် လက်နက်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး သံဃာတော် ၁၄ပါး အပါအဝင် လက်နက်မဲ့ ကျောင်းဆရာ/ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ရဟန်းရှင်လူပြည်သူ ၁၅၀၀ ကျော်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက NLD ပါတီက ဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်းဖက်သမားများအနေဖြင့် လက်နက်မဲ့ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများအား ပြစ်တင်ရှုချကြောင်း၊ လက်နက်မဲ့ ပြည်သူများကို သတ်ဖြတ်နေမှုများအား အဆုံးသတ်ရန်နှင့် ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမည်ဟု ဒီဇင်ဘာ ၁၄ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။


ထိုသို့ကြေညာပြီးသည့်နောက်ပိုင်း NLD, PDF အကြမ်းဖက်သမားများက ကွတ်ခိုင်မြို့နယ်မှ ဆေးရုံအုပ်ကြီးအား လုပ်ကြံသတ်ဖြတ်ခြင်း၊ တန့်ဆည်မြို့နယ်တွင် မိသားစု ၄ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)