ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား Phase 4 ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား Phase 4 ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ဆက်လက်ထိုးနှံပေး

 



ဇီးကုန်း၊ ဒီဇင်ဘာ  ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား Phase4 ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ဆက်လက်ထိုးနှံပေးခြင်းကို အမှတ်(၄)ရပ်ကွက် မြို့လယ် သံဓမ္မာရုံ၌ ယနေ့ နံနက် ၈ နာရီမှ စတင်ထိုးနှံပေးလျက်ရှိသည်။

ဇီးကုန်းမြို့နယ်တွင် ဦးတည်အုပ်စု(၂၄)အုပ်စုသတ်မှတ်၍ Phase-4 ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ထိုးနှံပေးရာတွင် ယခင်နေ့များက ဆေးထိုးရန် ကျန်ရှိနေသော လေးမျက်နှာ၊ ချောင်းစောက်၊ တောင်ပို့သာယာ၊  နွားတဲကုန်း၊ မော်ရ၊  ကံကလေး၊ ကန္တလီ၊  ဘဲအင်း၊ ဆိတ်ဖူးကျင်း စသည့် ကျေးရွာအုပ်စု(၉)အုပ်စုမှ ပြည်သူများအား မြို့လယ်သံဓမ္မာရုံအတွင်း ဆေးထိုးနေရာ လေးခုခွဲ၍ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

ဇီးကုန်းမြို့နယ်တွင် သာသနာ့နွယ်ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများ (၂၂၉၆၈)ဦး၊ ကျောင်းသားကျောင်းသူ(၃၀၇၈)ဦး စုစုပေါင်း(၂၆၀၄၆)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် အပြည့်အဝထိုးနှံပြီးကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။     

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သတင်း - တင့်ဆွေ(ပြန်ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)