Pages

Pages

ဝေါမြို့၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား Phase 5 Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပေး



ဝေါ၊ ဒီဇင်ဘာ   ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးတည်အုပ်စုများ အလိုက် ပြည်သူများအား စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဝေါမြို့နယ်ခန်းမတွင် ထိုးနှံပေးလျက်ရှိသည် ။

 ကာကွယ်ဆေးထိုးနှံခြင်းကိုဝေါမြို့ပေါ် ( ၆) ရပ်ကွက်မှ အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများ၊ မသန်စွမ်း သူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများ၊ ယခင်ကာကွယ်ဆေး ထိုးနှံ  ပေးရာတွင် အကြောင်း အမျိုးမျိုးကြောင့် ဆေးထိုးနှံရန် ကျန်ရှိနေနိုင်ငံ့ဝန်ထမ်းများအား စာရင်းကောက်ယူ၍ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဝေါမြို့နယ်အတွင်း ၁၈ နှစ်အထက် ဒေသခံပြည်သူများကို ယနေ့မှ စ၍ Phase5 Sinovac ကာကွယ်ဆေးကို လူဦးရေ (၂၀၀၀) ဦးအတွက် ဆေးထိုးနှံနိုင်ရေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို Phase 5 ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို  ယနေ့နံနက်မှစ၍ ထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ် ကာကွယ် ဆေးထိုးနှံပြီးသူများအနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာအတွင်း ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  သိရသည်။

သတင်း - အောင်မြတ်လင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment