Pages

Pages

ရေဖြူမြို့နယ်၊ ကံ‌ပေါက်စည်ပင်သာယာ‌ဈေးတွင် ဈေးသူ/ဈေးသားများအား Rapid Test- kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းဆောင်ရွက်






ရေဖြူ၊ ဒီဇင်ဘာ ၁၁ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေ‌ဖြူမြို့နယ်၊ ကံပေါက်ကျေးရွာရှိ ကံပေါက်စည်ပင်သာယာဈေး၌  ဈေးရောင်းချနေသည့် ဈေးသူဈေးသားများအား ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီခွဲက Rapid Test- kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ အခမဲ့ ကွင်းဆင်းစစ်ဆေးပေးခြင်း‌‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ကံပေါက်ဒေသအတွင်းရှိ ပြည်သူများ COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ကံပေါက်စည်ပင်သာယာဈေးတွင် ဈေးရောင်းချနေသူများ  စုစုပေါင်း(၅၀)ဦးအား ကွင်းဆင်း၍ Rapid  Test- kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။ 

ထို့သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး‌ဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မိုးမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဝင်းရွှေ၊၊ မီးသတ်ဦးစီးဌာန၊ ကံပေါက်ရဲစခန်းမှ စခန်းမှူးနှင့် ကံပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့ က ဈေးသည်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အညီဈေးရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။ 


သတင်း - ခတ္တာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment