ရေဖြူ၊ ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာရှိ စည်ပင်သာယာဈေး၌ ဈေးရောင်းချနေသည့် ဈေးသူဈေးသားများအား ယနေ့ ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီ က Rapid Test- kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ အခမဲ့ ကွင်းဆင်း စစ်ဆေးပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးပေးခြင်းကို COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ညင်းထွေးရွာစည်ပင်သာယာဈေးတွင် ဈေးရောင်းချနေသူများ စုစုပေါင်း(၃၀)ဦးအား ကွင်းဆင်း၍ Rapid Test- kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မိုးမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဝင်းရွှေ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြတ်မေတ္တာလူမှုကူညီရေးအသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ က ဈေးသည်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ခတ္တာ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment