Pages

Pages

ကွန်ဟိန်းမြို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေး



ကွန်ဟိန်း၊ ဒီဇင်ဘာ   ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ဒေသခံပြည်သူများအား  ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကို RDT Test Kit ဖြင့်  အခမဲ့စစ်ဆေးပေးခြင်းအား ယနေ့ နံနက်(၇:၀၀)နာရီအချိန်ခန့်က ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တစ်ဦးမှတစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေး၊ ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားကူးစက်မှု ကွင်းဆက်များ အမြန်ဆုံးဖြတ်တောက်နိုင်ရန်အတွက်ရည်ရွယ်၍ ယနေ့တွင်  ဒေသခံပြည်သူ (၉၉) ဦးတို့အား  ကိုဗစ်၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးနိုင် ခဲ့ပြီး  ရောဂါပိုးမတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

အဆိုပါ စစ်ဆေးပေးခြင်းအား မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက် ပေးခဲ့ပြီး  ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသူများအား  ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး‌ ထိုးနှံကြရန် တာဝန်သူရှိများမှ တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်း - တပည့်(ကွန်ဟိန်း)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment