- Myanmar National Post

Myanmar National Post

News Agency

Breaking


လေးမျက်နှာမြို့နယ်တွင် ပြည်သူများအား(Sinoparm)ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး



လေးမျက်နှာ၊ ဒီဇင်ဘာ   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်အတွင်းရှိ  ဆေးထိုးစုရပ်အသီးသီးတွင် ပြည်သူများအား  ယနေ့နံနက် (၉)နာရီအချိန်မှစ၍   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinoparm) phase-4 ဒုတိယအကြိမ်ထိုးနှံပေးလျက် ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာစီစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး လေးမျက်နှာမြို့နယ်အတွင်းရှိ ကျမ်းမာရေးဆေးပေးခန်း ဆေးထိုးစုရပ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံလျက်ရှိရာ မြတ်စေတနာ(အခမဲ့)ကျမ်းမာရေးဆေးပေးခန်း ဆေးထိုးစုရပ်၌  ခန့်မှန်းဦးရေ (၇၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်နှင့်အညီ ပြည်သူများအား  ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးစုရပ်တွင်  ကာကွယ်ဆေးလာရောက်ထိုးနှံကြသော ပြည်သူများအား  ကာကွယ်ဆေးမထိုးမှီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊  သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါကဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင်  ချက်ချင်းကုသပေးနိုင်ရေးအတွက်  ကြည့်ရှု့စောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။

သတင်း - ကျော်ဟိန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)