သာစည်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

 


သာစည်၊ ဒီဇင်ဘာ   ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူများအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိရာ ယမန် နေ့ နံနက် ၉ နာရီချိန်မှ စတင်၍ ဆေးထိုးစုရပ် ငါးရပ်၌ ပြည်သူ ၁၁၇၅ ဦး တို့အား ထိုးနှံပေးခဲ့ ကြောင်း  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင်  Sinopharm အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီး စီးသည့်  အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် အုတ်တွင်းကျေးရွာ ဆေးထိုးစုရပ်၌ ပြည်သူ ၃၅ ဦး၊ ညောင်ရမ်းကျေးရွာ ဆေးထိုးစုရပ်၌ ပြည်သူ ၆၀ ဦး၊ ကုက္ကိုကန် ကျေးရွာ ဆေးထိုးစုရပ်၌ ပြည်သူ ၃၁၀ ဦး၊ ဇီးပင်ပေါက်ကျေးရွာ ဆေးထိုးစုရပ်၌ ပြည်သူ ၃၀၀ ဦး၊ အင်းကုန်းကျေးရွာ ဆေးထိုးစုရပ်၌ ပြည်သူ ၄၇၀ ဦး၊ စုစုပေါင်း ပြည်သူ ၁၁၇၅ ဦးတို့အား   ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံခြင်းများကို ဒီဇင်ဘာ ၂၁ ရက်နေ့အထိ သတ်မှတ်ဆေးထိုးစုရပ် များ၌ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များ က ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်းချိန် တိုင်းတာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)