မန်ကန်မြို့၌ အသက်(၁၈)နှစ်နှင့် အထက် ဒေသခံပြည်သူများအား ကိုဗစ် -၁၉ ကာကွယ် ဆေး (Sinopharm) ပထမအကြိမ် ကွင်းဆင်း ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်ကန်မြို့၌ အသက်(၁၈)နှစ်နှင့် အထက် ဒေသခံပြည်သူများအား ကိုဗစ် -၁၉ ကာကွယ် ဆေး (Sinopharm) ပထမအကြိမ် ကွင်းဆင်း ထိုးနှံပေး

 


မန်ကန်၊ ဒီဇင်ဘာ  ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက် (၁၈)နှစ်နှင့် အထက် ဒေသခံ ပြည်သူများအား မန်ကန်မြို့ အခြေခံပညာအလယ်တန်းခွဲကျောင်း-ငှက်ကာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ကို ယနေ့ နံနက် ၉နာရီအချိန်က စတင်ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မန်ကန်မြို့၊ ငှက်ကာကျေးရွာအုပ်စုရှိ အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူ (၁၀၅)ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး မထိုးနှံ‌မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဓာတ မတည့်သည့်ဆေး ရှိ/မရှိနှင့် သွေးမတိတ်ရောဂါ ရှိ/မရှိ မေးမြန်းပြီးမှသာ မန်ကန်မြို့ ကျန်းမာ ရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း  သိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်နှင့် အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုမှ  ဒေသခံပြည်သူများကိုလည်း (Sinopharm) အမျိုး အစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို  ထပ်မံထိုးနှံပေးသွားမည်ဟု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ ဥက္ကဋ္ဌ မြို့စီမံအုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း ၏ ပြောကြားချက်အရ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)