Pages

Pages

စဉ့်ကိုင်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်ပြည့်ပြီးသောကျောင်းသား ကျောင်းသူများအား ပထမအကြိမ် Sinovac ကိုဆက်လက်ထိုးနှံပေးလျက်ရှိ






စဉ့်ကိုင်၊ ဒီဇင်ဘာ   ၁၅

နိုင်ငံတော် အစိုးရအစီအစဉ်ဖြင့်  အသက်(၁၂)နှစ်အထက်  အလယ်တန်း အထက်တန်းကျောင်း သားကျောင်းသူများအား   ကျန်းမာပျော်ရွှင်   စွာပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ကိုယနေ့ နံနက်ပိုင်းက စဉ့်ကိုင် မြို့နယ် အခြေခံပညာ  အထက်တန်းကျောင်းတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သိမ့်အိသူနှင့်  ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဆန်းလွင်နှင့် ပညာရေးဌာနမှ ဝန်ထမ်းများ၊စဉ့်ကိုင် အ.ထ.ကကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းဆီနှင့် ဆရာ၊  ဆရာမများ၊ မြို့နယ်မီးသတ်သတ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေး  မထိုးမှီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊  ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းခြင်း၊ ကာကွယ်ဆေး ထိုးပြီး လျှင်ဆေးနှင့် ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ခြင်း အရေးတုံ့ပြန်နိုင်ရန်အတွက် မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ်ကြည့်ရှုပေးခြင်းများ ဆောင်ရွက်စဉ့်ကိုင်မြို့နယ်  အတွင်း ကျောင်းသား /  ကျောင်းသူများ  ကာကွယ်ဆေး လာရောက်   ထိုးနှံရာတွင် အဆင်ပြေစေရေးအတွက် အခြေခံပညာအလယ်တန်း အထက်တန်းကျောင်းပေါင်း (၃၁)ကျောင်း၊  ကိုယ်ပိုင် ကျောင်း(၃) ကျောင်းနှင့်  ဘုန်းတော်ကြီးသင်  ပညာရေး (၉) ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား  စဉ့်ကိုင် အ.ထ.က ကျောင်းတွင် (၁၉) ကျောင်း ၊ ပလိပ် အ.ထ.က ကျောင်းတွင်   (၁၀) ကျောင်း၊ ဘယ်လင်း အ.ထ.က  ကျောင်းတွင် (၁၁) ကျောင်း  စုရပ် နေရာ   (၃) နေရာခွဲ၍ ကျောင်းသား၊ ကျောင်းသူ (၇၀၂ )ဦးတို့အား ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ဆေးအလုံးရေ(၃၅၁)လုံးကို နှစ်ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန ထံမှသိရသည်။

သတင်း - ညိုညိုဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment