ဝက်လက်၊ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)နှင့် မြစိမ်းရောင် စီမံကိန်းကျေးရွာများကို ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်သည်။
ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက်၊ ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဌေးလှိုင်က ကျေးရွာ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းနှင့် မြစိမ်းရောင် စီမံကိန်း လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။
မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်ရန် စမွန်းကျေးရွာအတွက် ကျပ်သိန်း(၃၀၀)၊ နှမ်းကြီးကုန်း ကျေးရွာနှင့် လှည်းဦးကြီးကုန်း ကျေးရွာ(၂)ရွာအတွက် ကျပ်သိန်း(၃၀၀)တို့ကို ကျေးရွာ ကော်မတီဝင်များထံ ပေးအပ်သည်။
ယင်းနောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန်အတွက် လိန်ပင်ကျေးရွာ၊ ရွှေတောင်ကျေးရွာ၊ မင်္ဂလာရေစင်ကျေးရွာ၊ ကျီးပြားကျေးရွာတို့အတွက် ကျေးရွာ တစ်ရွာလျှင် ကျပ်သိန်း (၁၀၀)စီကို ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးကဲများက ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်း ပေးအပ်သည်။
သတင်း - စိုးစိုးလှိုင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment