မြန်မာနိုင်ငံမြောက်ပိုင်းသို့ ကူညီသည့် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် ၇သိန်းကျော်အား ကူမင်းမြို့မှ စတင်ပို့ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံမြောက်ပိုင်းသို့ ကူညီသည့် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် ၇သိန်းကျော်အား ကူမင်းမြို့မှ စတင်ပို့ဆောင်


MNP ၊ ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံမြောက်ပိုင်းသို့ ကူညီသည့် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် ၇သိန်းကျော်အား (ဇန်နဝါရီ ၁၁ရက်) တွင် ကူမင်းမြို့မှစတင် ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး ၇၄၆၈၀၀ အား ယူနန်ပြည်နယ် ကူမင်းမြို့မှ စတင်၍ သီးသန့်ပို့ဆောင်သည့်ယာဉ် ၇ စီးဖြင့် မြန်မာနယ်စပ်တလျှောက်ရှိ ယူနန်ပြည်နယ်၏ နယ်စပ်မြို့များသို့ ပို့ဆောင်ခဲ့ပြီး မနက်ဖြန် ဇန်နဝါရီ ၁၂ ရက်နေ့တွင် တာလော့၊ ရွှေလီ၊ ရင်ကျန်း၊ နမ်စန်၊ ဟိုချောင်၊ မုန့်လျန် စသည့်နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်မည်ဟု ထုတ်ပြန်ထားသည်။

ဒုတိယအသုတ် ကိုဗစ်ကာကွယ်ဆေး (၂၅၃၂၀၀)အား ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပေကျင်းမြို့မှ စတင်ပို့ဆောင်မည်ဖြစ်ပြီး မတ်လ ၁၀ ရက်နေ့မတိုင်မီ အသုတ်ခွဲပို့ဆောင်၍ မြန်မာနိုင်ငံသို့ ကာကွယ်ဆေး အားလုံး လွှဲပြောင်းပေးအပ်မည် ဖြစ်သည်။ အဆိုပါ ကာကွယ်ဆေး ၁ သန်းအား တရုတ်နိုင်ငံနှင့် ထိစပ်နေသော မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် အသုံးပြုမည်ဟု တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးစုစုပေါင်းအရေအတွက်မှာ သန်း ၄၀ ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံ ရရှိထားသည့် ကိုဗစ်ကာကွယ်ဆေးများ၏ ၉၀% ကျော် ရှိကြောင်း တရုတ်သံရုံးက ဆိုသည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)