မြဝတီမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်၌ ငွေစက္ကူအတုဖြင့် လာရောက်စားသောက်ရာမှ အဆိုပါ ငွေစက္ကူအတုပြုလုပ်သူ ၃ ဥိးကို ဖမ်းဆီးရမိ ဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်၌ ငွေစက္ကူအတုဖြင့် လာရောက်စားသောက်ရာမှ အဆိုပါ ငွေစက္ကူအတုပြုလုပ်သူ ၃ ဥိးကို ဖမ်းဆီးရမိ ဟုဆို




MNP - ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်၊မေတ္တာလမ်းမကြီးနှင့်အေးသာယာလမ်းထောင့်ရှိ စားသောက်ဆိုင်၌ ငွေစက္ကူအတုများဖြင့် လာရောက်စားသောက်နေကြောင်းသတင်းအရ မြဝတီမြို့နယ်ရဲတပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၀ ရက်ညနေပိုင်းက သွားရောက်ဖမ်းဆီးမိခဲ့ကြောင်းကရင်ပြည်နယ်ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်

ယင်းနေ့ညနေ ၄ ရီခန့်က စားသောက်ဆိုင်ရှေ့၌ မြဝတီမြို့နေ ဇော်လွင်(ခ)အော်ကြီး(၂၆)နှစ်လွယ်ထားသည့် အိတ်အတွင်းမှ ပလပ်စတစ်ဖြင့်ထုတ် ထားသည့် တစ်သောင်းတန်ငွေစက္ကူအတု ၁၄၉၆ ရွက်နှင့်အတူဖမ်းဆီးရမိခဲ့ပြီး ၎င်းစားသောက်ဆိုင်၌ သုံးစွဲခဲ့သည့် တစ်သောင်းတန်ငွေစက္ကူအတု ၄ ရွက်အား စားသောက်ဆိုင်မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် တရားခံ ဇော်လွင်(ခ)အော်ကြီး၏ ထွက်ဆိုချက်အရ ၎င်းနေထိုင်သည့် အောင်ဒီပါလမ်းရှိ နေအိမ်တန်းလျားမှ တစ်သောင်းတန်ငွေစက္ကူအတု ၁၅၀ ရွက်၊ မပိုင်းဖြတ်ရသေးသည့် တစ်သောင်းတန်ငွေစက္ကူအတု ၁၀၀ ရွက်နှင့် ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပ စ္စည်းများအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ ငွေစက္ကူအတုများပြုလုပ်ရာတွင် ပူးပေါင်းပါဝင်သည့် အောင်ဒီပါလမ်း နေအိမ်တန်းလျား အခန်း(၁၃)နေ အောင်မြင့်သန်း(၃၃)နှစ်နှင့်ထွန်းမြင့်သန်း(၃၅)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူ ၃ ဦးကို မြဝတီမြို့မရဲစခန်းက (ပ)၁၅/၂၀၂၂၊ဗဟိုဘဏ်ဥပဒေပုဒ်မ-၁၀၅/၁၀၆/ ၁၀၇ အရအမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

https://t.me/MyanmarNationalPost

www.mnnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)