MNP ၊ ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မေတ္တာရပ်ကွက်ရှိ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် ခြေတော်ရာဘုရားပတ်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား ဇန်နဝါရီ ၁၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းများအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ဌာန mini ဘတ်ဂျက် (၃၅.၅၇၆) ကျပ်သန်းဖြင့် ခြေတော်ရာဘုရားပတ်လမ်း ပေအရှည် (၁၄၄၅)ပေ၊ အကျယ် (၁၀) ပေ၊ အမြင့် (၈)လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ၂၀၂၂ ခုနှစ် မတ်လအတွင်း လုပ်ငန်းများအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။
အဆိုပါ လုပ်ငန်းများ ပြီးသွားပါက ရပ်ကွက်နေ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ၊ ကျောက်ကြီးမြို့ ကျက်သရေဆောင် ရှင်သီဝလိခြေတော်ရာဘုရားသို့ ဘုရားဖူးလာ ပြည်သူများ သွားလာရေးအဆင်ပြေမည်ဖြစ်ပြီး လူနေမှုဘဝမြင့်မားရန် နိုင်ငံတော်အစိုးရမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စီမံဆောင်ရွက်ပေးရခြင်းကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment