Pages

Pages

မောင်တောမြို့နယ် လသာရပ်ကွက်နေအိမ်တစ်လုံးရှိ အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိ



MNP ၊ ဖေဖော်ဝါရီ  ၂၅

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် လသာရပ်ကွက် နေအိမ်တစ်လုံးရှိ အမျိုးသမီးတစ်ဦးထံမှ ယမန်နေ့ ညနေ (၂၃:၀၀ )အချိန် စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ 


ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  သတင်းအရ  သက်သေများ နှင့်အတူ  မောင်တော မြို့နယ် လသာရပ်ကွက်နေ ဆေယော့နုရ်(ကျား)၏ ဝင်ရောက်ရှာဖွေရာ ၎င်းအားတွေ့ရှိပြီး  နေအိမ်အား ဆက်လက်ရှာဖွေရာ  နေအိမ် အနောက်ဘက်  တံစက်မြိတ် အနောက်ဝါးတိုင်အောက် မြေကြီးတွင် မြုပ်ထားသော  JAGMAG TOB CCO 1192 စာတမ်းပါ ကွမ်းယာဆေးမွှေးဗူးအတွင်း အဖုံးပိတ်လျက် ထည့်ထားသည့် အပြာရောင်ကပ်ခွာအိတ်(၃)အိတ်အား တွေ့ရှိရ သဖြင့်  စစ်ဆေးရာမူးယစ်စိတ်ကြွရူးသွပ်‌ဆေးပြား  W/R စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၅၀)ပြားပါ (၂)  ထုပ် ၊  ကျန်(၁)အိတ်အတွင်း W/R စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား (၉၀)ပြားပါ(၁)ထုပ် စုစုပေါင်း ဆေးပြား (၃၉၀) ပြား ၊ အလေးချိန် (၃၉)ဂရမ်ခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ  ဆေယော့ နုရ် (ကျား) အသက်(၃၁)နှစ် (ဘ)ဇော်ဟီးအာမတ် လသာရပ်ကွက် ၊မောင်တောမြို့နေသူ အား မြို့မ ရဲစခန်း တွင် မယ(ပ) ၅/၂၀၂၂ ၊  မူး/စိတ်ပုဒ်မ-၁၉ (က) /၂၁ အရ အမှုဖွင့်လှစ်ကာ တရားဉပဒေအရ အရေးယူနိုင်ရေး  စီစဉ် ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။


သတင်း - ဝေလ(မောင်တော)

https://t.me/MyanmarNationalPost


No comments:

Post a Comment