Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ တောဆင်ရိုင်းနင်း၍ လူတစ်ဦး သေဆုံးကာ ကျန်တစ်ဦးဒဏ်ရာရရှိ




MNP ၊ ဖေဖော်ဝါရီ   ၂၇

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက် ၊ ရွှေတောင်ကျေးရွာ အနီးတွင် ယနေ့  နံနက် ၁၁ နာရီ အချိန် ခန့်က တောဆင်ရိုင်းနင်းမိ၍ တစ်ဦးသေဆုံးကာ ၊ ကျန်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ 


ဖြစ်စဉ်မှာ မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက် ၊ ရွှေတောင်ကျေးရွာနေသူများဖြစ်သော ဒေါ်ဦးညွန့်စိန် ၊အသက် (၃၀)နှစ် နှင့် ဒေါ်သာအေးစိန် ၊ အသက်(၆၂)နှစ် တို့နှစ်ဦးသည် ရွှေတောင်ကျေးရွာ ၊ အရှေ့ဘက်သို့ ငါးဖမ်းရန်သွား ရောက် စဉ် တောဆင်ရိုင်းမှ ရန်ပြုရာ ဒေါ်ဦးညွန့်စိန် ၊အသက် (၃၀)နှစ် (ဘ)ဦးမောင်ချေဖြူ မှာ တောဆင်ရိုင်းနင်းမိသဖြင့် အခင်း ဖြစ်နေရာတွင် ဂုတ်ကျိုးဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး  ဒေါ်သာအေးစိန် ၊ အသက်(၆၂)နှစ် (ဘ) ဦးစံထွန်းလှ မှာ နံရိုးကျိုး ဒဏ် ရာ (စိုးရိမ်ရ)ရရှိသဖြင့် ကရုဏာကွန်ရက် လူမှုကူညီရေးအသင်းမှ မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ် ရာ ရရှိ သူမှာ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။ 


သတင်း - ဝေလ(မောင်တော)

https://t.me/MyanmarNationalPost


No comments:

Post a Comment