MNP ၊ ဖေဖော်ဝါရီ ၂
ယနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် မျိုးချစ်စစ်သား ပြည်သူ့ရဲ့များအား ဂုဏ်ပြုထောက်ခံပွဲကို မြကျွန်းသာမှ ဗဟိုဘဏ်ရှေ့အထိ ချီတက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်မမတော်ချစ်မြတ်နိုးသူ ပြည်သူများက မျိုးချစ်စစ်သား ပြည်သူ့ရဲများ သက်တော်ရာကျော်ရှည်ပါစေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သက်တော်ရာကျော်ရှည်ပါစေ၊ ပြည်တွင်းပြပ သစ္စာဖောက်လောက်ကောင်များအား ဆန့်ကျင်ကြ၊ ပြည်ပအားကိုး ပုဆိန်ရိုး အမျိုးဖြုတ်ဖို့ တပ်မတော်ကို ဝန်းရံစို့၊ မတရားမှုတွေ ဇာတ်သိမ်းဖို့ တပ်မတော်နှင့် လက်တွဲစို့ အစရှိသော ဗီနိုင်းပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်ချီတက် ဂုဏ်ပြုခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံတော်အတွင်း NLD အစွန်းရောက် အကြမ်းဖက် နိုင်ငံရေးလုပ်စားသူများက ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ် သည်အထိ အကြမ်းဖက်မှုများ လုပ်ဆောင်လာခြင်းကြောင့် အကြမ်းဖက်မှုများကို မလိုလားသည့် ပြည်သူများက NLD အစွန်းရောက် ဒီမိုကရေစီအရေခြုံ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ရွံ့မုန်းလာခြင်းကြောင့် အကြမ်းဖက်အန္တရာယ်များမှ အကာအကွယ်ပေးနေသော မျိုးချစ်စစ်သား ပြည်သူ့ရဲများကို ဂုဏ်ပြုထောက်ခံပွဲများ အနယ်နယ် အရပ်ရပ်တွင် ကျင်းပလာကြခြင်းဖြစ်သည်။
NLD အစွန်းရောက် အကြမ်းဖက်များသည် လမ်းမများပေါ်တွင် ဥပဒေမဲ့ ဆူပူအကြမ်းဖက်ခဲ့ကြသော်လည်း ယနေ့ ကျင်းပသည့် မျိုးချစ်စစ်သား ပြည်သူ့ရဲများကို ဂုဏ်ပြုထောက်ခံသူများသည် ဥပဒေနဲ့အညီ တင်ပြ၍ စည်းကမ်းတကျ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment