ဇေယျာသီရိမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇေယျာသီရိမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကျင်းပ




MNP - ဖေဖော်ဝါရီ    ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျောက်ချက်အခြေခံပညာ အထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်တို့ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး  ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက် ကျန်းမာရေးမှူး ဒေါ်အေးအေးမွန်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆရာ/ဆရာမတို့၏ အခန်းကဏ္ဍ၊ မူးယစ်ဆေး သုံးစွဲလျှင် ဖြစ်တတ်သောအန္တရာယ် လက္ခဏာများနှင့် ဆိုးကျိုးများ၊ ကျောင်းစာသင်ခန်းများတွင် မူးယစ်ဆေးသုံးသွဲသည့် ကျောင်းသားရှိပါက တွေ့ရတတ်သည့် အမူအကျင့်အလေ့အထများ၊ မူးယစ်ဆေးသုံးစွဲသည့် ကျောင်းသားရှိပါက ပြုလုပ်ပေးသင့်သည့် အကြောင်းအရာများကို လည်းကောင်း၊ ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်က  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များကို လည်းကောင်း၊ နေပြည်တော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ခင်မောင်ဆွေမင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဆိုင်ရာလုပ်ငန်းများ အဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဇေယျာသီရိမြို့နယ် အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများနှင့် တာဝန်ရှိဆရာ/ဆရာမက ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)