Pages

Pages

ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီစဉ်ဖြင့် သံဃာတော်များအား ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်နှင့် အာလူးများ ဆက်ကပ်လှူဒါန်းခြင်း ကျင်းပ

 


MNP - ဖေဖော်ဝါရီ    ၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆွမ်း၊ ဆန်၊ ဆီ၊ကြက်သွန်နှင့် အာလူးများ လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀အချိန်က မြို့နယ်သံဃာနာယက ဥက္ကဋ္ဌ လမ်းမဘုန်းတော်ကြီးကျောင်းတိုက်၌ လှူဒါန်းခဲ့ကြသည်။

ရှေ့ဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နမောတသ ( ၃)ကြိမ်ရွတ်ဆိုပြီး ဘုရားကန်တော့ကာ အခမ်းအနားဖွင့်လှစ်ခဲ့ကြကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရအကြီးအကဲများက ဘူးသီးတောင်မြို့ သြဝါဒါစရိယဆရာတော်ကြီး ဦးသောမထံမှသြဝါဒါစကားမိန့်ကြားကာ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများဖြစ်သည့် ဆွမ်း၊ ဆန်၊ ဆီ၊ ကြက်သွန်နှင့် အာလူးများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဗုဒ္ဓသာသနံစိရံတိဌတု ( ၃)ကြိမ်ရွက်ဆိုပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment