Pages

Pages

ဂွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံ ထိုးနှံပေး






MNP ၊ ဖေဖော်ဝါရီ   ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကို စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဂွမြို့ သာသနာ့ဗိမ္မာန်၊ ဆပ်သွား အ.ထ.ကနှင့်  ကျိန္တလီထွေ/အုပ်ခန်းမ များတွင်  ယမန်နေ့က ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။


ဂွမြို့နယ် အနေဖြင့် ကျောင်းသား/ကျောင်းသူများအား စတုတ္ထအသုတ်  ပထမအကြိမ် အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ အထက်တန်းကျောင်းသား၊ ကျောင်းသူ (၁၇၀) ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ (၅၅၅) ဦးနှင့် ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၇၃၇)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။ 


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment