Pages

Pages

တကောင်းမြို့တွင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပရေးစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်


MNP - ဖေဖော်ဝါရီ   ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့ဝင်ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ရုံးရှေ့တွင် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သန့်ရှင်းသာယာ လှပစေရန်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်သို့ လာရောက်လေ့လာသည့် ပြည်သူများအား စိတ်ကြည်လင်စွာ အပန်းဖြေလေ့လာနိုင်စေရန်အတွက် ရည်ရွယ်ပြီး  ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနရုံးရှေ့နှင့် မြို့ဝင်လမ်းဘေး ဝဲ၊ ယာရှိ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံနွယ်ပေါင်းပင်များ သန့်ရှင်းခြင်းတို့ကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - သီရိအောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment