Pages

Pages

ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ စင်မကော်ကျေးရွာတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် စင်မကော်−တာပကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP - ဖေဖော်ဝါရီ    ၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့ရှိ စင်မကော်ကျေးရွာတွင် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သော စင်မကော်−တာပကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတွင် ကျောက်တန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်က အဖွင့်အမှာစကားပြောကြားကာ ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်စား  ရပ်မိ၊ ရပ်ဖ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီးနောက် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့်၊ နယ်မြေခံတပ်မှူး ဒုတိယ ဗိုလ်မှူးကြီး သင်းမောင်၊ ဗိုလ်မှူးမျိုးသက်နောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစောနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင် တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ယခုဖွင့်လှစ်လိုက်သော စင်မကော်−တာပကွန်ကရစ်လမ်းသစ်မှာ မူလမြေသားလမ်းအဆင့်မှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အရှည်၁/၆မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မရှိသော ကွန်ကရစ် အဆင့်မြှင့်တင်လမ်းမကြီးဖြစ်ပြီး လမ်းဦးစီးလမ်းမကြီး ၂ ခုဖြစ်သော တံတားမြို့လမ်းနှင့် တမံဦး− ကန်ပြောင်− ဝဲကြီး တာဆုံလမ်းသို့ တိုက်ရိုက်ချိတ်ဆက်ထားသောလမ်းဖြစ်သည်။ ထို့ကြောင့်ကျေးရွာနေ အိမ်ထောင်စု (၉၁၂) စု၊ လူဦးရေ (၁၉၈၉) ဦးတို့၏ လူမှုရေးအကျိုးပြုရာရောက်သော လမ်းဖြစ်ကြောင်းကို ကျေးရွာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သတင်း - မိုးဖြူလွင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment