Pages

Pages

ညောင်ဦးမြို့နယ် မြောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား




MNP - ဖေဖော်ဝါရီ  ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြောင်ကျေးရွာ၌ ယနေ့နံနက် ၁၀နာရီ ၁၀ မိနစ် အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ ဖြစ်စဉ်မှာ လူနေအိမ်တစ်လုံး၏ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ ညောင်ဦးခရိုင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော မီးသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၄)စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၃၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦးတို့ဖြင့် သွားရောက်မီးငြှိမ်း သတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် (၆၄)လုံးနှင့် ဆိတ် (၁၅)ကောင်၊ ဝက်(၆)ကောင်၊ မီးစက်(၁)လုံး၊ System ပုံး(၂)ပုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါမီးလောင်မှုကိစ္စနှင့် ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment