Pages

Pages

ဘီးလင်းမြို့နယ်၊အလူးလေးကျေးရွာ၌ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်






MNP ၊ ဖေဖော်ဝါရီ ၃

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ မော်လမြိုင်အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း မှဖွင့်လှစ်သော ရပ်ရွာအခြပြုအခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အလူးလေးကျေးရွာ သုခကာရီဘုန်း တော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မော်လမြိုင် အိမ်တွင်းသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဆရာမ ဒေါ်မြင့်မြင့်ဝင်းက အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသူများအတွက် သင်ထောက်ကူ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းသို့ ဘီးလင်းမြို့နယ် အတွင်းရှိကျေးရွာများမှ သင်တန်းသူ ၂၀ ဦးတက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းနည်းပြအဖြစ်  မော်လမြိုင် အိမ်တွင်းသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ဒေါ်စိမ်းစိမ်းအေး က လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


သတင်း -  ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment