Pages

Pages

ဟိုပန်မြို့၌ ဝန်ထမ်းပေါင်းစုံသမဝါယမ အသင်းလီမိတက်မှ စုဆောင်းငွေအပေါ် အတိုးထုတ်ပေးခြင်း ဆောင်ရွက်

 


MNP - ဖေဖော်ဝါရီ     ၂၀

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဝန်ထမ်းပေါင်းစုံသမဝါယမ အသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေအပေါ် အတိုးထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဟိုပန်ခရိုင် Community Centre ခန်းမတွင် ပြုလုပ်ရာ အသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာထွန်းက အသင်းသူအသင်းသားများအပေါ် ထောက်ပံ့ငွေနှင့် အတိုးထုတ်ပေးနိုင်မှု အခြေအနေ၊ အသင်း၏ စည်းမျဉ်းစည်းကမ်းများ၊ ချေးငွေများ သတ်မှတ်ကာလအတိုင်း ပြန်လည်ပေးဆပ်ရေးအတွက် ဌာနများမှ ငွေသွင်း/ငွေထုတ် တာဝန်ခံများက ပူးပေါင်းပါဝင်ပေးရေးတို့ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အသင်းသူအသင်းသား(၄၃၀) ဦးအတွက် စုဆောင်းငွေပေါ် အတိုးငွေကျပ် (၂၁၈၉၃၇၄၉/-) နှင့် အသင်းသားတစ်ဦးလျှင် ငွေကျပ် (၉၀၀၀/-) နှုန်းဖြင့် ငွေကျပ်(၃၈၇၀၀၀၀/-)ကို အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များက ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment