Pages

Pages

မအီချောင်းစက်တော်ရာရှိ အောက်ခြေတော်ရာအနီး တပို့တွဲ လပြည့်ည က သုံးတောင်ခန့်ရှည်လျားသော “ကျား” တစ်ကောင် ရောက်ရှိ







MNP ၊ ဖေဖော်ဝါရီ ၁၆

ရခိုင်ပြည်နယ် မအီမြို့နှင့် (၁၆)မိုင် (၆)ဖာလုံကွာဝေးသည့်  မအီချောင်းစက်တော်ရာ၌ ယမန်နေ့ ညနေပိုင်းက သုံးတောင်ခန့်ရှည်လျားသော“ကျား” တစ်ကောင် ရောက်ရှိနေကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့ ညနေပိုင်း(တပို့တွဲ လပြည့်ည)တွင် မအီချောင်းစက်တော်ရာရှိ  အောက်ခြေတော်ရာအနီး အရှည်သုံးတောင်ခန့်ရှိသော ကျားတစ်ကောင် ရောက်ရှိလာ၍ မအီစက်တော်ရာဂေါပကအဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းကာ အစာ၊ ရေစာ ကျွေး‌မွေးလျက်  ဥရုဝေလတောရကျောင်း၊ သာလိကာခြံတွင်  စောင့်ရှောက်ထားလျက်ရှိသည်။


အဆိုပါ ကျားအမျိုးအစားမှာ “အင်းကျား” (Formosan clouded leopard) ဖြစ်နိုင်ကြောင်း၊ အင်းကျားသည် ကြောင်မျိုးရင်းဝင်ထဲက ရှားပါး တိရိစ္ဆာန်မျိုးနွယ်ဟု သိရှိရပါကြောင်း ဒေသခံတစ်ဦး က သုံးသပ်ပြောကြားသည်။


သတင်း - မင်းသိန်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment