(၇၅)ကြိမ်မြောက် စိန်ရတုပရိယတ္တိ စာပြန်ပွဲတော်နှင့် ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲ ဓမ္မပူဇာ၊ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)ကြိမ်မြောက် စိန်ရတုပရိယတ္တိ စာပြန်ပွဲတော်နှင့် ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲ ဓမ္မပူဇာ၊ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

 


MNP - ဖေဖော်ဝါရီ    ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သာသနာ့ဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် ပရိယတ္တိစာပြန်ပွဲတော်နှင့် ဓမ္မစကြာ ရွတ်ဆို ပူဇော်ပွဲ၊ ဓမ္မပူဇာ ဆက်လက်လှူဒါန်းပွဲ လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နေ့လည် (၁)နာရီအချိန်က ကော့ဝန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နမောတဿသုံးကြိမ် ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသော တရားနာပြည်သူများက ကွမ်ဘီကျောင်းဆရာတော် ဦးဝိသုဒ္ဓထံမှ ငါးပါးသီလ ခံယူခဲ့သည်။ ထို့နောက် သာသနာ့ဝေပုလ္လအသင်းကြီး၏ အကျိုးတော်ဆောင် အရှင်အဂ္ဂဝံသက စာပြန်ပွဲတော်၊ ဓမ္မစကြာရွတ်ဆို ပူဇော်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ သာသနာ့ဝေပုလ္လ အသင်းကြီး၏ အကျိုးတော်ဆောင် အရှင်စန္ဒရက ရသုံးငွေစာရင်း ရှင်းတမ်းများ ဖတ်ကြားခြင်းနှင့် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ နယ်ခြား စောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနှင့် လှိုင်းဘွဲမြို့ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်တို့က သာသနာရေးဆိုင်ရာ တင်ပြလျောက်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ပရိယတ္တိစာပြန်ပွဲမှ အထူးပြန် စာအောင်ဆုနှင့် စာအောင်ဆုတို့ကို ချီးမြှင့်ခြင်း၊ ဆရာတော်/ သံဃာတော်များက “နိဒါနုန္ဒေသမှ ပရာဇိကုဒ္ဒေသ” သံဃာရနာတင်ခြင်းနှင့် ကွမ်ဘီကျောင်းဆရာတော် ဦးဝိသုဒ္ဓထံမှ အနုမောဒနာတရား ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ဓမ္မစကြာအဖွဲ့များအား အလှူငွေများ ပေးအပ်ခြင်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်ချ အမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သတင်း - စောဒိ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)