Pages

Pages

သီဟိုဠ်စေ့ ပေါ်ချိန်တွင် ကလိန်‌အောင်ဒေသထွက် သီဟိုဠ်စေ့ ဈေးကောင်းရရှိ





MNP ၊ ဖေဖော်ဝါရီ ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ် ကိုင်လျက်ရှိရာ သီဟိုဠ်ခြံစိုက်ပျိုးခြင်းဖြင့်လည်း စီးပွားဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ် သီဟိုဠ်စေ့ပေါ်ချိန်တွင် ယခင်နှစ်ကထက် ဈေးကောင်းရရှိလျက်ရှိကြောင်း ကလိန်အောင်မြို့ သီဟိုဠ်ခြံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။


“ မနှစ်ကတော့ အခုလို ဖေ‌ဖော်ဝါရီလပိုင်းသီဟိုဠ်စေ့ စပေါ်ချိန်မှာ ဈေးနှုန်းက တစ်ပိဿာကိုငွေ (၁၈၀၀)ကျပ်လောက်ပဲ့ရပါတယ်” ဒီနှစ်တော့ စထွက်ချိန်ကတည်းက တစ်ပိဿာကို (၂၇၀၀)ကျပ်ရနေပြီ” ဟု ကလိန်အောင်မြို့ သီဟိုဠ်ခြံစိုက် တောင်သူ တစ်ဦးထံမှ သိရသည်။


ကလိန်အောင်ဒေသ ထွက်ကုန်များတွင် ပြည်တွင်း ပြည်ပပို့ကုန်ဖြစ်သောသီဟိုဠ်စေ့မှာ ရာသီ‌ပေါ် သီးနှံဖြစ်ပြီး ဖေဖော်ဝါရီလမှ စတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိရာ မတ်လတွင် သီဟိုဠ်စေ့ လှိုင်လှိုင်ပေါ်သည့် အချိန်ဖြစ်ကြောင်း၊ သီဟိုဠ်စေ့မှာ မိုးမရွာခင်အချိန်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း ကလိန်အောင်မြို့ရှိ သီဟိုဠ်စေ့   အဝယ်ဒိုင်ထံမှ သိရသည်။


သီဟိုဠ်ခြံများကို ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး  ရန်ကုန်မြို့နှင့် ထားဝယ်မြို့ရှိ သီဟိုဠ်စေ့ အဝယ်ဒိုင်ကြီးများကို တင်ပို့ရောင်းချလျက်ရှိပြီး ကလိန်အောင်မြို့အတွင်းရှိ အဝယ်ဒိုင်များတွင်လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။


သတင်း - မိုးမိုးခိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment