Pages

Pages

ဧရာဝတီတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

 







MNP - ဖေဖော်ဝါရီ    ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်သည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကြိုတင်ပြင်ဆင်ထားရှိမှုများအား ယမန်နေ့ ညနေ ၃ နာရီခွဲက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် မြန်အောင်မြို့နယ် ပြည်သူ့ဆေးရုံတွင်လူနာများလက်ခံထားရှိမှု၊ ကိုဗစ်ပိုးတွေ့ လူနာထားရှိမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဝင်းနှင့် တာဝန်ရှိသူများကရှင်းလင်း တင်ပြ သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးသည်မြန်အောင်မြို့ အောင်ဇေယျ အားကစားခန်းမ၊ အောင်ဧရာအဝေးပြေးကားဝင်းတို့တွင် Quarantine Centre ပြင်ဆင်ထားရှိမှု အခြေအနေများ၊ မြန်အောင်မြို့နယ် အင်ပင်မြို့အဝင် ကိုဗစ်စစ်ဆေးရေးဂိတ်တို့တွင် ကိုဗစ်စစ်ဆေးဆောင်ရွက်မှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment